ကျွန်တော်ဟာ အလွန်အခြေခံကျတဲ့ အခြေခံပရိုဂရမ် သင်တန်းတစ်ခုမှာ အရွယ်ရောက်ပြီး သင်တန်းသား တွေကို သင်ကြားနေပါတယ်။ အရင်တုန်းက ကွန်ပျူတာနားကို မရောက်ဖူးတဲ့ သူတွေဟာ အရမ်းကို စိတ် ပျက်ဖို့ ကောင်းပါတယ်။ ပြီးတော့ သူတို့ဟာ ကလေးတွေထက် ပိုပြီး သင်ရပြုရတာခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ရှည်တဲ့သူပါ။ ဒါကြောင့် သူတို့အောင်မြင်ရင် ကျွန်တော်ဝမ်းသာပါတယ်။
ဒါပေမဲ့ ကျွန်တော် အောက်ပါလေးတွေကို မျှဝေလိုပါတယ်။
ကျောက်သင်ပုန်းပေါ်မှာ ပရိုဂရမ်အတိုလေး တင်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကျောင်းသားတွေကို "R","U","N" ရိုက်ဖို့ပြောပြီး ပရိုဂရမ်ရဲ့ ပထမဦးဆုံး letter ကို ကြည့်ဖို့ return ကိုနှိပ်ခိုင်းလိုက်တယ်။
အခန်းနောက်ဖက်ကကျောင်းသားတစ်ယောက်က လက်တစ်ဖက် မြှောက်လိုက်ပြီး
" ဆရာပြောတာကျွန်မ လုပ်ကြည့်တယ်။ ဒါပေမဲ့ အလုပ်မလုပ်ဘူး။"
ဒီတစ်ယောက်တော့ ကွန်ပျူတာမှာ ရိုက်တာ တစ်ခုခုတော့မှားနေတာသေချာပြီဆိုပြီး "R,U,N" ကိုထပ်နှိပ်၊ ပြီးရင် return ကိုနှိပ်ဆိုပြီး ပြန်ပြောပါတယ်။ ခဏနေတော့ အဲဒီတစ်ယောက်က လက်ထောင်ပြန်ပါတယ်။
အခုထက်ထိ အလုပ်မလုပ်သေးဘူးလို့ပြောတယ်။
အဲဒါကြောင့် ကျွန်တော် သူ့ပြဿနာကို ကြည့်ဖို့ ပြန်သွားပါတယ်။ ရေးထားတဲ့ R U N ကိုရှာလိုက်ပေမဲ့ သူ့အ
စား ဘာတွေ့လဲဆိုတော့ ARE YOU IN ! တဲ့....
မင်းအထဲမှာလား တဲ့
အခြေခံသင်တန်း
Posted by Morning Star at 9:10 PM 0 comments
Labels: ဟာသများ
“ဗိုလ်အောင်ဒင်ဟေ့.. ဗိုလ်အောင်ဒင်”
သူမ၏မျက်စိပေါ်တွင် စည်းနှောင်ပိတ်ဖုံးထားသည့် အ၀တ်ကို ဖယ်ရှားလိုက်ပြီးနောက်
လက်ထဲ၌ သူမဆုပ်ကိုင်ထားမိသော လက်ကိုင်ပုဝါစကို မြင်လိုက်ချိန်တွင် မမြ၀င်း၏
နှုတ်မှ အာမေဋိတ်စကားတခွန်း လွှတ်ကနဲ ထွက်သွားသည်။
“ဟင်….ကိုကိုချစ် လက်ကိုင်ပုဝါပါလား”
*******************************************************
ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးတဲ့ နာမည်ကျော် “ဗိုလ်အောင်ဒင်”
ရုပ်ရှင်ဇာတ်ကားကို ကြည့်ဘူးသူတိုင်း အထက်ပါ ဇာတ်ဝင်ခန်းကလေးကို
သတိရကြမယ်ထင်ပါတယ်။ အဲဒီ ဇာတ်ဝင်ခန်းဟာ ဇာတ်လမ်းရဲ့ အထွတ်အထိပ်လို့လည်း
ပြောလို့ရနိုင်ပါတယ်။
ဇာတ်လမ်းကျောရိုးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတခု။ အဓိက ဇာတ်ကောင်များ
အနက် တဦးမှာ နာမည်ကျော် စီအိုင်ဒီ ရဲအရာရှိ ဦးဘချစ်။ နောက်တဦးက
ဦးဘချစ်နှင့် လက်ထပ်တော့မည့် ချစ်ဇနီးလောင်း မိန်းမချောကလေး မမြ၀င်း။ ပြီးတော့
ဓားပြခေါင်းဆောင် လူဆိုးဗိုလ် ဗိုလ်အောင်ဒင်။
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈) နောက်ပိုင်းမှ လူ့လောကသို့ ရောက်လာကြကုန်သော၊
ကျွန်ုပ်တို့ကဲ့သို့ “မဆလ ခေတ်ကောင်းကြီး” ကို (ဤအသုံးအနှုန်းအား
သဘောမတူသူအပေါင်းတို့ ကျနော့်အား မဆဲရေးဘဲ လက်ရှိခေတ်ဆွေးခေတ်ပျက် ကြီးကိုသာ
ဆဲရေးကြပါကုန်။ လူကြီးတွေ ပြောပြောနေတဲ့ ကာလနာတိုက်တယ်ဆိုတာ အခု
နအဖခေတ်မျိုးကို ဆိုလိုတာထင်ပ။) …အဲအဲ ပြောရင်းနဲ့ စကားတွေ ချော်ကုန်ပြီ။ အဲသည်
မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီအုပ်ချုပ်သော ခေတ်ကြီးကို ကံဆိုးမိုးမှောင်ကျစွာ
မသိမီလိုက်ကြ ကုန်သော လူငယ်လူရွယ်၊ လူမမယ်တို့ နားလည်စိမ့်သောငှာ အကျွန်ုပ်
လူလတ်ပိုင်းအရွယ် ရှုစဖွယ်အဆင်းနှင့် ပြည့်စုံသော ကိုပေါမှ ဇာတ်လမ်းကျောရိုးကို
အနှစ်ချုပ်ပြောပြပါအံ့။ ကျွန်ုပ်ထက် ကြီးရင့်ကုန်ကြသော (အသက်အရွယ်ကိုသာ
ဆိုလိုပါကြောင်း) အန်တီတို့၊ မမတို့၊ ဒေါ်ဒေါ်တို့၊ ဦးဦးတို့၊ ကိုကိုတို့
အနေဖြင့် အဆိုပါ အနှစ်ချုပ်အပိုင်းအား ကျော်လှန်ဒေထ လုပ်လိုက လုပ်ကြပါကုန်။
ဇာတ်လမ်းမှာ ခင်မောင်ရင်တို့ မေမေ၀င်းတို့ (မဆလ မတိုင်ခင်)ခေတ်များဆီက
ခေတ်ဟောင်းကားဖြစ်ပြီး မဆလ ခေတ် လူဖြစ်ကြသော ကျနော်တို့တတွေ
ကြည့်ခွင့်ရခဲ့သေးကြောင်းဆိုလိုခြင်းမျှသာ ဖြစ်ပါကြောင်း။
ဗိုလ်အောင်ဒင်ဆိုသော အနှီဇာတ်ကောင်သည် နဂိုက ဓားပြမဟုတ်။ မွေးရာပါ ဓားပြမဟုတ်ဟု
ပြောချင်သည်မဟုတ်။ မူလက လူရိုးလူကောင်းဟု ဆိုလိုခြင်း။ သူ့အဆိုအရ ပြည်မြို့က
စက်သူဌေးဦးသင်းက သူ့လယ်တွေ၊ မြေတွေ၊ စာချုပ်တွေကို မတရားသိမ်းသွားဖြင့်
စီးပွားပျက်သွားကာ တနေ့တွင် ရန်ကုန်သို့ အဆင်း လမ်းခရီးတွင် ပင်ပင်းတိုးသော
ဦးသင်းကို မတော်တဆ သတ်မိသွားသည်။ အဲသည်ကစလို့ တပည့်ဖြစ်သူ သုခ၏
မြှောက်ထိုးပင့်ကော်လုပ်မှုကို နားယောင်ခြင်းဖြင့် ဓားပြအဖြစ်ကို
ရောက်ရှိသွားသူ။ တကတဲ…သူ့အပြစ်ကို တပြားသားမှ မပါဘူး။ အသတ်ခံရသူ ဦးသင်းရဲ့
ခြောက်လုံးပြူးကို ရသွားတဲ့ အချက်ကလည်း ဓားပြဖြစ်ဘို့ အထောက်အကူပြုလိုက်သွားတဲ့
အချက်တချက်ပါဘဲ။ အဲအဲ…ဓားပြဖြစ်သွားပေမယ့် သူ့ပင်ကိုယ်က သနားကြင်နာတတ်တယ်။
ကတိတည်တယ် ဆိုကိုးဗျ။
သူ့ဘ၀မှာ ပထဦးဆုံးအကြိမ် ဓားပြတိုက်တာကလည်း ပြည်မြို့က မမြ၀င်းတို့ သားအမိ
(မမြ၀င်းနဲ့ မမြ၀င်းအမေ) အားကိုးရာမဲ့ မိန်းမသားနှစ်ဦးတည်းနေတဲ့အိမ်ကို
ဝင်ပြီး ဓားပြတိုက်တာ။ အဘွားကြီးက အမျိုးမျိုးတောင်းပန်၊ သမီးဖြစ်သူ
မမြ၀င်းကလည်း ရုပ်ကလေးကလှပြန်ဆိုတော့ အဲဒီ သနားကြင်နာတတ်ရုံမက
နှာဘူးလည်းကျတတ်ဟန်တူတဲ့ ဗိုလ်အောင်ဒင်ဟာ တန်ဘိုးကြီးတဲ့
ရွှေငွေလက်ဝတ်ရတနာမှန်သမျှ ဘာမှမယူတော့ဘဲ နောက်ဆုံးမှာ ရန်ကုန်သွားဘို့
လမ်းစရိတ်ငွေတဆယ်ကိုသာ တောင်းယူသွားတော့သတဲ့။ မိုက်လိုက်တဲ့ ကိုယ့်လူနှယ်။
မ..ဘက်လိုက်တော့ မိုက်ဘက်ပါ ဆိုတာ ဒါမျိုးဘဲ ဖြစ်မယ်။
ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်အောင်ဒင်နေရာက သရုပ်ဆောင်တာ အဲသည်ခေတ်က
ပျိုတိုင်းကြိုက်တဲ့ မင်းသားချော ခင်မောင်ရင်။ ဘာပြောကောင်းမလဲ။ ဓားပြကနေပြီး
ဟီးရိုးဇာတ်ကောင်ကြီး ဖြစ်သွားလိုက်တာများဗျာ။ “မဲ့ပြုံးလေး ပြုံးလိုက်တာ
စွဲလောက်တဲ့ ဗိုလ်အောင်ဒင်”၊ “ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင်”၊ “ဥပဒေနဲ့
လောင်းကစားတဲ့ ဗိုလ်အောင်ဒင်” စသဖြင့် ၀ိသေသထူးတွေနဲ့ ပရိသတ် အစွဲကြီး
စွဲကြတာပေါ့။ အို….မဆီမဆိုင်….လူပုံ ဖြူသွဲ့သွဲ့ နဲ့ ကနွဲ့ကလျ
လမ်းလျှောက်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် အချောစားကလေးကိုတောင်
ပြေးသတိရမိလိုက်သေးတော့။
အဲဂလိုနဲ့ ရန်ကုန်ရောက်တော့ ဗိုလ်အောင်ဒင်ဂိုဏ်းက တစတစ ကြီးထွားလာပြီး
ရန်ကုန်မြို့လယ်ခေါင် မဂိုလမ်းတို့ ဘာတို့မှာတောင် နေ့ခင်းကြောင်တောင်
ဓားပြတိုက်တဲ့ အထိ အတင့်ရဲလာတယ်။ သတင်းစာတွေကလည်း ပုလိပ်တွေ အစွမ်းအစ
မရှိပုံကို ဝေဖန်ကြတာပေါ့။ သြော်..ဒါလား။ အဲဒီခေတ်က
သတင်းစာလွတ်လပ်ခွင့်ရှိတယ်ကွဲ့။ မောင်မင်းတို့ ခေတ်နဲ့ မတူဘူး။
ကြားလား…ကလေးတွေ၊ အတွန့်တက်မယ် မကြံနဲ့။
သတင်းစာတွေက အမျိုးမျိုး အော်လာတော့ နောက်ဆုံးမှာ ပုလိပ်မင်းကြီးခမြာ
မနေသာတော့ဘဲ အရည်အချင်းရှိတဲ့ ပုလိပ်စုံထောက် မောင်ဘချစ်ကို
ခွင့်နဲ့အနားယူနေရာက ရန်ကုန်ကို အမြန်ဆုံးပြန်ခေါ်ပြီး တာဝန်ပေးရတယ်။ (မှတ်ချက်။
။စုံထောက်ဆိုတာက အမည်လှသော်လည်း ပြောင်းပြန်လှန်ရင် အဓိပ္ပါယ်ကောင်းတဲ့
စကားလုံးမဟုတ်။) အဲဒီအချိန်က စုံထောက်အရာရှိ မောင်ဘချစ်က ပြည်မြို့က
ရွှေဆံတော်ဘုရားကြီးမှာ သူ့ချစ်သူ မမြ၀င်းကလေးနဲ့
နှစ်ကိုယ်သစ္စာထားနေတဲ့အချိန်ပေါ့။
ဦးဘချစ်ခမြာလည်း ရန်ကုန်ကို အရေးပေါ် ပြန်လာပြီး လိုက်လံစုံစမ်းတော့
ဗိုလ်အောင်ဒင် ဆိုတဲ့ ငနဲဟာ အဲသည်ခေတ်က လူကုံတန်အသိုင်းအ၀ိုင်းမှာ
အရမ်းဝင်ဆန့်တယ်။ ပါတီကြီးတွေ အကြီးအကျယ်ပေး။ ကလပ်တွေဘာတွေမှာ
လောင်းကစားကြပြန်ပြီဆိုရင်လည်း အကြီးအကျယ် ငွေအရှုံးခံနိုင်တယ်။ လုံးဝ မမှုဘူး။
အလုပ်ကလည်း မယ်မယ်ရရမရှိ၊ မိဘမျိုးရိုးက ချမ်းသာလှတာမဟုတ်ကြောင်းသိလာရတဲ့အခါမှာ
ပုလိပ်မျက်စိနဲ့ မသင်္ကာစရာ ဖြစ်လာတော့တာပေါ့ခင်ဗျာ။ တကယ်ဆိုရင် ဒီဘက်ခေတ်မှာ
ဦးတေဇတို့လို ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကြီးပွားလာမျိုးဆိုရင်တော့ ဘာ
မသင်္ကာစရာရှိသလဲပေါ့။ ဟုတ်ဘူးလား။
ဒီတော့ ဦးဘချစ်တို့က နောက်ယောင်ခံ စောင့်ကြည့်နေတုန်းမှာ ဗိုလ်အောင်ဒင်ရဲ့
တပည့် တယောက် အမှားလုပ်တယ်။ နာမည်က ရာမ တဲ့။ သူက ဗိုလ်အောင်ဒင်ကို သိပ်ကြည်တဲ့
ပုဂ္ဂိုလ်မဟုတ်ဘူး။ သူ့ဘာသာသူ သပ်သပ် တစင်ထောင်ချင်နေတဲ့သူ။ အဲဒီ ရာမက
ဓားပြတိုက်ရင်း ဗိုလ်အောင်ဒင်အတန်တန်မှာထားတဲ့ ကြားက သေနတ်ကို ထုတ်သုံးမိလို့
လူသတ်မှုဖြစ်တယ်။ သတင်းကြားတော့ ဗိုလ်အောင်ဒင်က ရာမ ပုန်းနေတဲ့နေရာကို
လိုက်သွားတယ်။ အဲသည်မှာ နောက်တကြိမ် သေနတ်ပစ်မှုထပ်ဖြစ်ပြီး ရာမလက်ချက်နဲ့
ရာမရဲ့ဇနီး သိန်းရင် သေသွားပြန်တယ်။ သေမှာပေါ့။ ပစ်မယ်မှန်းသိသိနဲ့
ဗိုလ်အောင်ဒင်က သိန်းရင်ကို ရှေ့ကထားပြီး ရာမပုန်းနေတဲ့ အခန်းထဲကို
ဝင်လိုက်တာကိုး။ အဲသည်အချိန်မှာဘဲ နောက်ယောင်ခံလိုက်လာတဲ့ ဦးဘချစ်တို့ ရဲတွေ
ရောက်လာပြီး အားလုံးကို လက်ရဖမ်းတယ်။ ရာမက ဗိုလ်အောင်ဒင်ကို အစကတည်းက
မုန်းနေသူပီပီ အကုန်ဖော်တယ်။ ဖော်တယ်ဆိုလို့ တလွဲမတွေးကြနဲ့။ ပုလိပ်ကို
ဗိုလ်အောင်ဒင်ဟာ သူတို့ ခေါင်းဆောင် ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်ဘဲလို့
ထုတ်ပြောတာကို ပြောတာ။
ဦးဘချစ်က ဗိုလ်အောင်ဒင်ကို ဒီမတိုင်မီကတည်းက ရင်းနှီးကြသူတွေ ဖြစ်တာလည်း
ပါမယ်။ နောက် ဗိုလ်အောင်ဒင်က လူကုံထံအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်သူဆိုတော့
သူ့အနေနဲ့ သက်သေမခိုင်မာသေးတဲ့ အမှုတခုမှာ ဗိုလ်အောင်ဒင်ကို ရဲစခန်းမှာ
ချက်ချင်းဖမ်းမချုပ်နိုင် သေးတာကြောင့်လည်း ဖြစ်နိုင်တယ်။
မျက်နှာကြီးတရားခံဆိုတော့ သူ့အိမ်မှာဘဲ ရာဇ၀တ်အုပ်ကလေးအစောင့် အရှောက်နဲ့
ခဏခေါ်ပြီး ရဲစစ်ချက်ယူဘို့ ကြိုးစားတယ်။ ဒါပေမယ့် ရဲစခန်းမှာ မထားဘဲ သူ့အိမ်မှာ
ခေါ်ထားလိုက်တဲ့အချက်ကတော့ ဦးဘချစ် တော်တော်ရှော်တယ် ဆိုရမယ်။
ဗိုလ်အောင်ဒင်က ပြောတာကတော့ “ကျုပ်တပည့် ရာမက ကျုပ်ကိုမုန်းလို့ပြောတာနဲ့
ကျုပ်က ဓားပြဗိုလ်ဖြစ်ရရောတဲ့လား။ ခင်ဗျားတို့ ပုလိပ်မှာ ဘာသက်သေမှ
မယ်မယ်ရရမရှိဘူး။ ဒီတော့ ကျုပ်အနေနဲ့ကတော့ ၀တ်လုံငှားပြီး ထွက်ပေါက်ရှာမယ်လေ။
ဒါဘဲ” တဲ့။ ဒါပေမယ့် သူ့ဆီက သိမ်းဆည်းရမိထားတဲ့ ပြည်မြို့က စက်သူဌေးဦးသင်းရဲ့
ခြောက်လုံးပြူးကိစ္စနဲ့ ပတ်သက်လို့ တော့ ဦးဘချစ်က ဆက်လက်မေးမြန်းစရာတွေ
ရှိနေသေးသပေါ့။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်က မမြ၀င်းတို့ သားအမိကလည်း ရန်ကုန်ကို
ဘုရားဖူးလာရင်း ဦးဘချစ်အိမ်မှာ တည်းနေတဲ့အချိန်။ ဦးဘချစ်က ဗိုလ်အောင်ဒင်ဆီက
စစ်ချက်ယူစကား ပြောတုန်း ဦးဘချစ်ကို သူ့အထက်လူကြီး (ရဲမင်းကြီး)ကလှမ်းခေါ်လို့
ဦးဘချစ် ချက်ချင်း သွားရတယ်။ သွားကာနီးမှာ “ဦးအောင်ဒင်၊
လူကြီးလူကောင်းတယောက်လို နေရစ်မယ်လို့ ကျနော်ယူဆပါတယ်” လို့ ပြောပြီး
ရာဇ၀တ်အုပ်ကလေးတယေက်ရဲ့ စောင့်ရှောက်မှုနဲ့ ဗိုလ်အောင်ဒင်ကို သူ့အိမ်မှာ
ခဏထားရစ်ခဲ့ရတယ်။
အဲသည်တချိန်လုံးမှာ မမြ၀င်းက ဧည့်ခန်းထဲမှာ စန္ဒရားတီးဘို့လုပ်နေတုန်း စန္ဒရားက
ကီးကြောင်နေလို့ အခက်တွေ့နေတယ်။ ဦးဘချစ် ထွက်မသွားခင်က ပြင်ပေးဘို့
နားပူတော့လည်း သူပြန်လာမှ ပြင်ပေးမယ် ပြောသွားတယ်။ အဲဒီမှာ ဗိုလ်အောင်ဒင်က
နည်းနည်းပါးပါး နားလည်တော့ ၀င်ပြင်ပေးလိုက်တယ်။ မမြ၀င်းကလည်း ဗိုလ်အောင်ဒင်ကို
တီးတတ်ရင် တလက်စတည်း သီချင်း တပုဒ်လောက်တီးပြပါဆိုတော့ နံဘေးက
ရာဇ၀တ်အုပ်ကလေးရဲ့ ခွင့်ပြုချက်နဲ့ ဂန္ဓမာတောင် ဘွဲ့ကို ဆိုတီး တီးပြရတယ်။
သီချင်းတ၀က်လောက်ရောက်တော့ မမြ၀င်းနဲ့ ရာဇ၀တ်အုပ်ကလေး ဂီတရေယဉ်ကြောမှာ
နစ်မျောနေတုန်း ရုတ်တရက် ၀ုန်းကနဲ ထတည့်ပြီး ရာဇ၀တ်အုပ်ငနဲကို လက်သီးစာကျွေး၊
ကြိုးနဲ့တုပ်၊ သူ့တပည့်သုခကို လှမ်းခေါ်၊ ကားနဲ့ စောင့်ခိုင်း။ မမြ၀င်းကိုပါ
ဓားစာခံခေါ်ပြီး ကရင်တွေနေတဲ့ တောင်ပေါ်ဒေသကို ကားတတန်၊ ဆင်တတန်
ထွက်ပြေးတော့တာဘဲ။ အမှန်ကတော့ ကားနှစ်တန်ခွဲ၊ ဆင်သုံးတန်လောက်ဆိုရင်
ပိုမှန်မယ်။ စကားစပ်မိလို့ ပြောရရင် ဘဘလီတို့ ကျွန်းနိုင်ငံမှာ ဟိုတလောက
အချုပ်စခန်းကနေ လွတ်ပြေးတဲ့ မက်စ် ဆီလာမက် ကတော့ စန္ဒယားတီးရင်းက ထွက်ပြေးတာတော့
ဟုတ်ဟန်မတူဘူး။ အိမ်သာတက်ရင်း ထွက်ပြေးရတာဆိုတော့။
တောင်ပေါ်စခန်းကို ရောက်တော့ ဗိုလ်အောင်ဒင်တယောက် မမြ၀င်းရဲ့ အမုန်းဒဏ်ကို ခံရ။
ဒါပေမယ့် သိတယ်မို့လား။ ဗိုလ်အောင်ဒင်အဖို့ကျတော့ ပထမဦးဆုံးအကြိမ် ဓားမြတိုက်က
တည်းက မမြ၀င်းကို တဖက်သတ် စွဲလမ်းခဲ့တာလေ။ ဒီတော့ အခုလို
ပြန်တွေ့ရတဲ့အချိန်မှာ… ရင်မှ အကြင်နာ ညင်သာစွာဘဲ နိုးထလာပြန်ပြီ…
ဖြစ်ကုန်တော့တာပေါ့။ မမြ၀င်းကတော့ ခါးခါးသီးသီးပေါ့။ သူ့မှာ လက်ထပ်တော့မယ့်
ရည်းစားကြီး ငုတ်တုတ် ရှိတာမဟုတ်လား။
တနေ့မှာ ထုံးစံအတိုင်း သုခရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မမြ၀င်းကို
အကဲစမ်းဘို့ ဗိုလ်အောင်ဒင်က ကြိုးစားတယ်။ အဲသည်မှာ မမြ၀င်းက ဗိုလ်အောင်ဒင်ကို
အသင့်ဝှက်ထားတဲ့ ဓားနဲ့ တွက်လိုက်တာ ဗိုလ်အောင်ဒင် အီတွန့်ပွမ်သွားတယ်။
ဒါပေမယ့် ဗိုလ်အောင်ဒင်က လူဆိုးပေမယ့် ကြင်နာသနားတတ်တယ်လေ။ အပြစ်မယူပါဘူး၊
ဗွေမယူပါဘူးပေါ့ကွယ်။ မမြ၀င်းကိုတော့ တော်တော်လန့်သွားပုံရတယ်။ အဲဒါနဲ့
သူတော်ကောင်းကြီး ဗိုလ်အောင်ဒင်က သူ့တပည့် သုခကို မှာတယ်။ မမြ၀င်းကို
ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးလိုက်ပါပေါ့။
ဒါပေမယ့် မမြ၀င်းက အဲသည်မှာ ဗိုလ်အောင်ဒင်ကို စပြီး ဂရုဏာသက်တယ်။
သူထိုးလိုက်တဲ့ ဓါးဒဏ်ရာ ပျောက်တော့မှ ပြန်တော့မယ်ပေါ့။ မြ..အဲသည်လောက်အထိ
မရည်ရွယ်ပါဘူး။ ဒါကြောင့် ဖွဖွလေး ထိုးလိုက်တာပါ..ဘာညာပေါ့။ အဲသလိုနဲ့
အိုးချင်းထား၊ အိုးချင်းထိပြီး သံယောဉ်ဇဉ်တွေဖြစ်ကြ။ ကလေးတို့ရေ…ဒီနေရာမှာ
စကားဖြတ်ပြီး ပြောရရင်… သင်ခန်းစာက ကိုယ့်ကို မုန်းနေတဲ့ မိန်းမတယောက်ရဲ့
အချစ်ကို ရချင်ရင် အဲဒီမိန်းမရဲ့ ဓားနဲ့ အထိုးခံဘို့ အရင်ကြိုးစားရမကွဲ့။
ပြီးမှ ကိုယ်ကခွင့်လွှတ်ပြလိုက်။ ဘယ်မိန်းမမှ မခံနိုင်ဘူး။ ကြွေဆင်းသွားမယ်။
အဲ…အဲ…ဓားဒဏ်ရာနဲ့ ကိုယ်က အရင် ကြွေမသွားဘို့တော့ လိုသပေါ့ ကွယ်။
(ဒေါက်တာနေ၀င်းမောင်တို့ ပြောပြောနေတဲ့ ကိုယ့်ဘက်က သဘောထားကြီးပြရေး
ဖီလော်ဆော်ဖီဆိုတာ ဒါမျိုးပေါ့ကွယ်။)
မမြ၀င်းလေးခမြာမှာ သူ့အမေကိုလည်း ပူပန်၊ ကိုကိုချစ်ကိုလည်း သတိရ၊ ဟော အခု
ဗိုလ်အောင်ဒင်နဲ့ကလည်း သံယောဇဉ်တွေ ဖြစ်ဆိုတော့ သူခံစားနိုင်တာထက်
အများကြီးပိုပြီး ခံစားမှုတွေပေါင်းစုံအမျိုးသားညီလာခံကြီးကျင်းပလိုက်တော့
နောက်ဆုံး ဗုန်းဗုန်းလဲကျ နာမကျန်းဖြစ်တော့တာပေါ့။ အဲဒါနဲ့ဘဲ ပြည်မြို့က
ဒေါက်တာစံသိန်းကို တဖက်လှည့်နဲ့ ညကြီးမင်းကြီး လူနာပင့်ခေါ်။ ပေါင်းတည်မှာ
လူနာကြည့်ဘို့လို့ ညာပြောပြီး မြို့နဲ့ဝေးလာတော့မှ မျက်စိကို အ၀တ်စည်း။
တောင်ပေါ်ကို ဆင်နဲ့ ပင့်ခေါ်။ မမြ၀င်းကိုနာမကျန်းဖြစ်တာကို ဆေးကုသခိုင်း။
လူနာရောဂါပျောက်မှ ခြေကြွခ ရက်ရက်ရောရော ပေးပြီး ပြန်လွှတ်။ အပြန်မှာလည်း
မျက်စိအ၀တ်စည်းသေးတယ်တဲ့။ အခုခေတ် စစ်ထောက်လှမ်းရေးတွေ ကျောင်းသားတွေကို
ဖမ်းရင် မျက်စိကို အ၀တ်စည်းတာ ရွှေဒုံးဘီအောင်ရဲ့ ပယောဂ မကင်းဘူး။
ဦးဘချစ်တို့ပုလိပ်အဖွဲ့က ဒေါက်တာစံသိန်းရဲ့ မှန်းဆထွက်ဆိုချက်အရ ဖြစ်နိုင်ချေ
ရှိတဲ့ နေရာတွေကို တောနင်းရှာ။ နောက်ဆုံးမတော့ ဗိုလ်အောင်ဒင်တို့ စခန်းနားလည်း
ရောက်ရော ဗိုလ်အောင်ဒင့်တပည့်တွေ ခြုံခိုတိုက် ဖမ်းဆီးတာကို ခံရပြီး
ကျားရှေ့မှောက်လျက်လဲဆိုသလို ဗိုလ်အောင်ဒင်ရဲ့ ရှေ့တော်မှောက်ကို
ရောက်လာခဲ့ရတယ်။
သူ့လက်ခုပ်ထဲက ရေဘ၀ရောက်လာပေမယ့် ဗိုလ်အောင်ဒင်က သူတော်ကောင်းပီပီ
ဦးဘချစ်တို့ကို အဆုံးမစီရင်ပါဘူး။ ဦးဘချစ်က လူသတ်မှုသက်သေခံအဖြစ် သိမ်းထားတဲ့
ပြည်မြို့က စက်သူဌေး ဦးသင်းရဲ့ ခြောက်လုံးပြူးကိုဘဲ ပြန်တောင်းပါတယ်။
ခြောက်လုံးပြူးရရင် ပြန်လွှတ်မယ်ပေါ့။
ဦးဘချစ်အနေနဲ့ကတော့ Duty is duty ပေါ့လေ။ အလုပ်ဝတ္တရားကို ဖောက်ဖျက်ဘို့
မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး သူ့ကို ဗိုလ်အောင်ဒင်က သတ်လို့သေလိုက်ရတာကမှ
ဖြေသာပါဦးမယ်။ အခုလို သူ့ချစ်သူ ဇနီးလောင်း မမြ၀င်းနဲ့ ဗိုလ်အောင်ဒင်တို့
တဦးနဲ့ တဦး မေတ္တာမျှနေတာ မြင်ရတာကကိုဘဲ ရည်စားလူလု ရွှေဥ..အဲလေ..အူနုကျွဲခတ်
ဆိုသလို ဦးဘချစ်ခမြာ ပိုပြီး အသည်းနာတာပေါ့။ တကယ်ဆိုရင် မမြ၀င်းနဲ့ သူနဲ့က
ပြည်မြို့ ရွှေဆံတော်ဘုရားကြီးမှာ သွေမပျက်ဘို့ သစ္စာထားခဲ့ကြတာမို့လား။
ဗိုလ်အောင်ဒင်ဘက်က ကြည့်ပြန်ရင်လည်း သူက တကယ်တော့ မမြ၀င်းကို အရင်ဆုံး
စတွေ့ခဲ့သူ။ ချစ်ခဲ့သူ။ ပထမဦးဆုံးအကြိမ် ဓါးပြတိုက်တုန်းက အားကိုးရာမဲ့တဲ့
မိန်းမသားတွေ ဆိုပြီးတော့ ကျုပ်အနေနဲ့ လမ်းစားရိတ်ငွေတဆယ်ဘဲ ယူခဲ့တယ်မို့လား…
ဘာညာ သာရကာနဲ့ ချေးခြောက်ရေနှူးပြီး မမြ၀င်းကို သူ့ဘက်ပါအောင် ငိုပြ။
အခုလောလောဆယ် မမြ၀င်းကလည်း သူ့ကို ပြန်ချစ်နေပြီဆိုတော့ ဦးဘချစ်လက်ထဲ
ပြန်ထည့်လိုက်ဘို့ဆိုတာက သဘောထားကြီးတဲ့လူပေမယ့်လည်း ထင်သလောက်မလွယ်။
ဒါကြောင့်ပြောတာ။ လောကကြီးမှာ ကိုယ်မပိုင်တဲ့ သူများပစ္စည်းကို
ကူညီချင်လို့ဘဲဖြစ်ဖြစ်၊ ကယ်တင်ချင်လို့ဘဲ ဖြစ်ဖြစ် အတင်းအဓမ္မ ကြာရှည်သဖြင့်
လက်ဝယ်ထားရှိတာဟာ မကောင်းဘူးကွဲ့။ အချိန်တန်လို့ ပိုင်ရှင်က
ပြန်တောင်းတဲ့အခါကျမှ ဒါကြီးကို ကိုယ်က သံယောဇဉ်တွယ်နေပါပြီ။
ပြန်မပေးနိုင်တော့ပါဘူးဆို…အရပ်ရပ် နေပြည်တော် ကြားလို့ဘယ်တော်ပါတော့မလဲ။
ဟုတ်ဘူးလား။ နေပြည်တော်ဆိုလို့ ကြပ်ပြေးကို ပြေးမမြင်နဲ့ဦး။ ဗမာဆိုရိုးစကားကို
ဆိုရိုး စကားလိုဘဲ ရိုးရိုးသားသားဖတ်ကြပါ။ ခင်ဗျားတို့ ခက်တယ်ဗျာ။
ပြောပြောနေရတယ်။
အဲသည်လို ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်တို့ အသီးသီး အသက အသက မမြ၀င်းကို
ကိုယ့်ဘက်ယိုင်အောင် အိုဘားမားနဲ့ ကလင်တန်တို့ မဲဆွယ်သလို အပြိုင်အဆိုင်
သွေးဆောင်နေတဲ့အချိန်မှာ တကယ်အကြပ်ရိုက်နေရရှာသူကလေးကတော့ မမြ၀င်း။
မမြ၀င်းဘက်က ကြည့်ရင် ဦးဘချစ်က သူ့ချစ်ဦးသူ။ ဘုရားမှာ
နှစ်ကိုယ်တူသွေမပျက်ဘို့ သစ္စာထားခဲ့သူ။ လက်ထပ်တော့မယ့်သူ။ ဒီဇာတ်လမ်းမှာ
ဗိုလ်အောင်ဒင် ၀င်ဖျက်လို့ သူ့မှာ လှေနံနှစ်ဖက်နင်းတဲ့ မိန်းမဘ၀ကို
ရောက်ရတဲ့သူ။ ဒါပေမယ့်လည်း တဖက်ကကြည့်ပြန်တော့ ဗိုလ်အောင်ဒင်ကိုလည်း
လုံးလုံးကြီး ပစ်ပစ်ခါခါပြုလို့မရ။ တောင်ပေါ်စခန်းမှာ နေခဲ့စဉ်ခဏ သံယောဇဉ်တွေက
ချည်နှောင်ခဲ့ရပြီလေ။ ….အကိုကြီးက မြအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ၊ အကြင်နာတွေ၊
အယုယတွေကို ဟောဒီ မိမြက ဘယ်လိုလုပ် လွယ်လွယ်ကူကူ မေ့ပျောက်လို့
ရနိုင်တော့မလဲ…..။
အဲသလိုနဲ့ မဝေခွဲနိုင်မှုတွေအကြားမှာ မမြ၀င်းခမြာ မျက်ရည်လည်ရွဲနဲ့
ငါးရံ့ပြာလူးသလို ထွန့်ထွန့်လူးအောင် ခံစားနေရရှာသပေါ့။ အဲသည်မှာတင်
အကြံကောင်းပေးမယ့် (တတိယအုပ်စုလို) လူတယောက် ပေါ်လာတယ်။ (ဆရာတင်မောင်သန်းကို
စောင်းမြောင်း ရေးခြင်းမဟုတ်ပါ။) ဦးဘချစ်နဲ့အတူပါလာတဲ့ ပုလိပ်အရာရှိတယောက်ဘဲ။
သူ့အလိုအရ ဗိုလ်အောင်ဒင်ရော၊ မမြ၀င်းရော၊ ဦးဘချစ်ရော ဘယ်သူမှ မမှားဘူး။
ကံကြမ္မာကကို သည်လိုဖန်တီးလာလို့ သည်စခန်းဆိုက်တာ။ သည်တော့ သည်ကိစ္စမှာလည်း
ကံစီမံရာဘဲ။ ကံကြမ္မာကိုဘဲ ဆုံးဖြတ်ခိုင်းမယ်။
“ဦးအောင်ဒင်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဆရာဦးဘချစ်ကလည်း လက်ကိုင်ပုဝါ
တထည်ပေးပါ။ ဒီလက်ကိုင်ပုဝါနှစ်ထည်ကို သည်ကွပ်ပျစ်ပေါ်မှာ ချထားမယ်။ ဟောဒီက
ငါ့တူမကြီးကိုတော့ မျက်စိကို အ၀တ်စည်းရမကွဲ့။ ဦးက ဆွဲဆိုတဲ့အချိန်မှာ ငါ့တူမက
ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ လက်ကိုင်ပုဝါနှစ်ထည်ကို ဆွဲရမယ်။ စပြီး လက်ထဲကို
ဆွဲမိတဲ့ လက်ကိုင်ပုဝါ ပိုင်ရှင်ဟာ ငါ့တူမကြီးရဲ့ ဖူးစာရှင်ပေါ့ကွယ်။” ……လို့
အခါတော်ပေး ဆရာကြီးက အကြံကောင်းပေးတယ်။ မပိုင်လား။ တတိယအုပ်စုမှန်ရင်
ဥာဏ်ပညာနဲ့ ပြည့်စုံတယ်မှတ်။
ဦးဘချစ်ရော၊ ဗိုလ်အောင်ဒင်ရော၊ ကျန်တဲ့လူတွေအားလုံးက ဒီအစီအစဉ်ကို
သဘောတူကြတယ်။
ဒါပေမယ့် မမြ၀င်းမှာ ပူပန်နေတာ တချက်ရှိတယ်။ “ကိုကိုချစ် သဘောတူနိုင်မှ
တူတယ်ပြောနော်။ နောက်တော့မှ မြ ကိုလေ သစ္စာမရှိတဲ့ မိန်းမရယ်လို့ စိတ်နဲ့တောင်
မပြစ်မှားရဘူးနော်”
“ကိုကိုချစ် သဘောတူပါတယ် မြ ရယ်”
ဒိုင်လူကြီး တတိယအုပ်စုသမားမှာလည်း ပြောစရာ နည်းနည်းကျန်သေးတယ်။ “….ဒီကိစ္စမှာ
တယောက်ယောက်က ရှုံးနိမ့်သွားခဲ့ရင် မင်းမှာသစ္စာ လူမှာကတိ ဆိုတဲ့အတိုင်း….. ”
ဟာ….ဒီလူ ဒီလောက်ပြောနေတာကို ဗိုလ်အောင်ဒင် အားကြီး စိတ်ဆိုးတယ်။ သူ့ကို
စော်ကားတယ်လို့ ယူဆတယ်။
“ဘာလဲ….ခင်ဗျားက ကျုပ်ကို ရည်စူးပြီး ပြောနေတာလား။ ဗိုလ်အောင်ဒင်ဟာ ဓားပြဗိုလ်
လူဆိုးဗိုလ် ဆိုပေမယ့် ခင်ဗျားတို့ထက် အများကြီး သစ္စာရှိတယ်။
ဒီမှာ….ကျုပ်ရှုံးရင် ပြုံးနေလိုက်မယ်။ ကျုပ်နိုင်ရင်သာ ခင်ဗျားတို့
မျက်နှာတချက်မပျက်ကြနဲ့။ အားလုံး ဒုက္ခရောက်သွားမယ်” တဲ့။
အဲသည်လိုနဲ့ မမြ၀င်းတယောက် မျက်နှာကို အ၀တ်စည်း။ အခါပေးဆရာကြီးက လက်ကိုင်ပုဝါ
နှစ်ထည်ကို ကွပ်ပျစ်ပေါ်မှာ အသာချ။ မမြ၀င်းဟာ ရင်တမမနဲ့ အသက်ကို အောင့်ပြီး
ပုဝါစကို ဆွဲလိုက်တယ်။
“ဟင်…..ကိုကိုချစ် လက်ကိုင်ပုဝါပါလား….”
********************************************************
ရုပ်ရှင်ထဲမှာတော့ ဗိုလ်အောင်ဒင်ဟာ ကတိအတိုင်း သူရှုံးတဲ့အခါမှာ
ပြုံးနေလိုက်တယ်။ သူတပည့်တွေကို ညွှန်ကြားတယ်။ ဦးဘချစ်တို့ မမြ၀င်းတို့ကို
နေမ၀င်ခင် ဆင်နဲ့ ပြန်ပို့ပေးဘို့ကိုပေါ့။ သူကိုယ်တိုင်ကတော့ အသည်းကွဲပြီး
ကျန်ရစ်ခဲ့တာပေါ့။
ဒီဇာတ်ကားကို ကြည့်တော့ ဗိုလ်အောင်ဒင်ဟာ လူဆိုးဗိုလ်၊ ခိုးဆိုး၊ လုယက်၊
ဓါးပြတိုက် မကောင်းမှုတွေ ကျူးလွန်ခဲ့ပေမယ့် ပေးထားတဲ့ ကတိကိုတော့
တည်တာတွေ့ရတယ်။ နောက်ဆုံးမှာ သူ့ကတိအတိုင်း ဦးဘချစ်တို့ မမြ၀င်းတို့ကို
ပြန်လွှတ်လိုက်တာတွေ့ရတော့ စောစောပိုင်းက မဟုတ်တရုတ် လျှောက်လုပ်ခဲ့တဲ့
သူ့အပြစ်တွေကိုတောင် ခွင့်လွှတ်ချင်သလို လို ဖြစ်လာတယ်။ ပရိတ်သတ်ကြီးမှာ သူ့ကို
သနားစိတ်တောင် ၀င်လိုက်မိသေးရဲ့။ ဗမာတွေ ခွင့်လွှတ်တတ်ပုံများ ပြောပြပါတယ်။
ကျနော်တွေးမိတယ်လေ။
လူဆိုးတိုင်းသာ ဗိုလ်အောင်ဒင်လို ကတိတည်တတ်မယ်ဆိုရင် လောကကြီးက
တော်တော်သာယာမယ်လို့။
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 9:07 PM 0 comments
Labels: ဝေမျှခြင်း
ရဲရဲ
မြို့ငယ်လေးတစ်မြို့က ရဲအရာရှိတစ်ယောက်ဟာ မိန်းလမ်းမကြီးအတိုင်း high speed နဲ့မောင်းလာတဲ့ ကား
ကို တားလိုက်တယ်။ ကားသမားက စရှင်းပြတယ်။
"ဒါပေမဲ့ ဆရာ"
"တိတ်..." ရဲအရာရှိကဟောက်လိုက်တယ်။
"ငါဒီနေ့ မင်းကို ငါ့အထက်အရာရှိ ပြန်မလာမချင်း ဒီညတော့ မင်းကို အချုပ်ထဲမှာပဲထားရလိမ့်မယ်။"
"ဒါပေမဲ့ ဆရာ. ကျွန်တော်ပြောပါရစေ။"
"ငါပြောပြီးသားပဲ။ တိတ်တော့လို့...အချုပ်ထဲသာ သွားတော့။"
အချိန်တော်တော်ကြာပြီးတဲ့နောက်မှာ ရဲအရာရှိဟာ သူချုပ်ထားတဲ့သူဆီလာပြီး..
"မင်းအတွက်တော့ ကံကောင်းတာပဲဟေ့။ ငါ့အထက်အရာရှိရဲ့ သမီးမင်္ဂလာဆောင်ရှိလို့တဲ့။ သူပြန်လာတဲ့အချိန် သူ့စိတ်အခြေအနေ တော်တော်ကောင်းနေတယ်။"
ရဲအရာရှိပြောနေတဲ့အချိန် ကားသမားကကြားဖြတ်ပြောပါတယ်။
"အဲဒီသတို့သားက ကျွန်တော်ပဲလေ"။
Posted by Morning Star at 9:06 PM 0 comments
Labels: ဟာသများ
ယောကျာ်းနဲ့မိန်းမ
ယောက်ျားနဲ့ မိန်းမဆိုတာ
ဘုရားသခင်က ပြုလုပ်ထားတဲ့
ကြောက်စရာအကောင်းဆုံး
ပြက်လုံးတစ်ခုပဲလေ . . .
တစ်ယောက်မရှိဘဲနဲ့ တစ်ယောက်မနေနိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက်လည်း
ဘယ်တော့မှ နားမလည်ကြဘူး . . ."
» ရော့ဘ်ရိန်နာ(အမေရိကန်ရုပ်ရှင်
ဒါရိုက်တာ)
- ( ၁ ) -
ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်၊ ကင်းခြေများတစ်ကောင်နဲ့ ဖားတစ်ကောင်
လမ်းမှာတွေ့ကြတော့ "ဒီလောက် ခြေထောက်တွေအများကြီးနဲ့ တစ်ချောင်းကိုတစ်ချောင်း
မနင်းမိအောင် ဘယ်လိုလျှောက်လဲ" လို့ ဖားက မေး တယ်။ ကင်းခြေများလည်း
သူဘယ်လိုလျှောက်ပါလိမ့် ဆိုပြီး သူ့ဘာသာသူ ငုံကြည့်ရင်း... ဆက်လျှောက်သွား တယ်။
ဟုတ်ပါရဲ့ သူ့ခြေထောက်တွေ တစ်ခုကိုတစ်ခု မနင်းမိကြဘူး။ ဒါပေမယ့် ဘယ်လို
လျှောက်တာပါလို့ သူကိုယ်တိုင်လည်း ရှင်းမပြနိုင်ဘူး၊ ဒီလိုနဲ့
ခေါင်းကြီးငုံ့ပြီး စဉ်းစားရင်း စဉ်းစားရင်းနဲ့ လျှောက်လာလိုက်တာ...
နောက်ဆုံးမှာ တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားပါလေရော. . . . .တဲ့။
အဲဒီလိုပါပဲ. . .
ငါ နင့်ကို ဘယ်လိုချစ်မိသွားတယ်
ဘယ်လောက်ချစ်မိသွားတယ်
ဘယ်တော့မှ မစဉ်းစားဘူး။
နောက်... တွင်းနက်ထဲကိုလည်း ဘယ်တော့မှ အကျမခံဘူး။
- ( ၂ ) -
တစ်ခါက ကုလားအုတ်ပေါက်လေးတစ်ကောင်ဟာ သူအမေကို သူမရှင်းတာတွေ တတွတ်တွတ်မေးနေတယ်။
"မေမေ... သားတို့ ကျောပေါ်က ဘုကြီးက ဘာလုပ်ဖို့လဲဟင်"
"ရေတွေကို သိုလှောင်ထားနိုင်ဖို့ပေါ့ကွယ်၊ ရေမရှိတဲ့ သဲကန္တရထဲမှ
ခရီးသွားနိုင်တဲ့ သတ္တဝါဆိုလို့ ကမ္ဘာပေါ်မှာမေမေတို့ပဲရှိတာ သားရဲ့. . .။
ဘယ်သတ္တဝါမှ မသွားနိုင်ကြဘူး။" လို့ မိခင် ကုလားအုတ်မကြီးက ဂုဏ်ယူစွာနဲ့
ပြန်ဖြေလိုက်တယ်။
ဒီတော့မှ ကုလားအုတ်ပေါက်ကလေးက ပိုပြီးနားမလည်နိုင် ဖြစ်သွားတဲ့ပုံနဲ့
အောက်ပါအတိုင်း မေးလိုက်တယ် -
"ဒါဆိုရင် သားတို့က တိရစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေကြတာလဲဟင်..."
အဲဒီလိုပါပဲ. . .
သဲကန္တရတွေထဲကို
ငါက လျှောက်သွားချင်လာတိုင်း
တိရစ္ဆာန်ရုံထဲမှ ထည့်ထားဖို့
မင်း... မကြိုးစားစေချင်ဘူး။
- ( ၃ ) -
ပြင်သစ်တော်လှန်းရေးကာလတုန်းကပေါ့. . . .။ ပြင်သစ်နိုင်ငံရဲ့
နာမည်အကျော်ကြားဆုံး 'ဘာစတီးအကျဉ်း ထောင်ကြီး' ပြိုလဲသွားတဲ့နေ့မှာပဲ
လူဝီဘုရင်ဟာ သူ့နေစဉ်ဒိုင်ယာရီမှတ်တမ်းမှာ ဒီလိုရေးသားခဲ့တယ်။
"ဒီနေ့ ဘာမှ မထူးခြားဘူး . . ."
အဲဒီလိုပါပဲ. . .
ငါ့ရဲ့အိပ်မက်တွေ
ရစရာမရှိအောင် ပြိုလဲသွားချိန်မှာ
နင့် ဒိုင်ယာရီထဲ
"ဒီနေ့ ဘာမှ မထူးခြားဘူး..." လို့ မရေးစေချင်ဘူး။
- ( ၄ ) -
တစ်ခါတုန်းက နားလေးတဲ့ ကားဒရိုင်ဘာနှစ်ယောက်ရှိတယ်၊ တစ်နေ့မှာ အဲဒီထဲက
တစ်ယောက်ရဲ့ကားဟာ လမ်းဘေးမှာ ပျက်နေတယ်။ ကျန်တဲ့တစ်ယောက်ရဲ့ ကားရောက်လာပြီး
လှမ်းမေးတယ်။
"ဟေ့ရောင်....ဘာလဲ၊ ဓါတ်ဆီကုန်သွားတာလား. . ."
ဒီတော့ ကားပျက်နေတဲ့ တစ်ယောက်က ပြန်ဖြေတယ်။
"မဟုတ်ပါဘူးကွာ...ဓါတ်ဆီကုန်သွားလို့ပါ"
အဲဒီလိုပြန်ဖြေတာကိုကြားတာနဲ့ ကားပေါ်က ဒရိုင်ဘာက စိတ်အေးလက်အေးဖြစ်သွားတဲ့
မျက်နှာနဲ့
"မသိပါဘူးကွာ၊ ငါက ဓါတ်ဆီကုန်သွားတာလားလို့ "
ဆိုပြီး ဆက်မောင်းသွားတော့တယ်။ ဘေးက လူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့၊
သူတို့ကတော့ အဆင်ကိုပြေလို့ပဲ. . .
အဲဒီလိုပါပဲ. . .
ငါ့တို့ရဲ့အားနည်းချက်တွေ၊
ငါ့တို့ရဲ့သိမ်ငယ်မှုတွေ၊
ငါတို့ရဲ့ ပျက်ကွက်မှု့တွေအတွက်
ငါတို့ချင်းပဲ နားလည်ကြမယ်
တခြားသူတွေ နားမလည်ရင်လည်း ရှိပါစေတော့ကွာ။
- ( ၅ ) -
တစ်ခါတုန်းကတော့ "ချာလီချက်ပလင် အတု" ပြိုင်ပွဲတစ်ခု လုပ်ကြတယ်တဲ့၊ ဒါကို
နောက်ချင်တဲ့ ချာလီချက်ပလင် အစစ်က သွားပြိုင်တယ်။ အံ့သြစရာကောင်းတာက သူ
အဲဒီပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့တယ်။ အများအမြင်ဆိုတာဟာ ဘယ်လောက်များ သံဿယရှိစရာ
ကောင်းလိုက်ပါလိမ့် . . . .
အဲဒီလိုပါပဲ. . .
ကိုယ်တို့ ခရီးစဉ်အတွက်
(တစ်ခါတစ်ရံမှာ....)
"ပတ်ဝန်းကျင်" ဆိုတာရဲ့ အမြင်ကို
လစ်လျူရှုပြီး လျောက်ရလိမ့်မယ်။
- ( ၆ ) -
"ကွမ်တမ်မက္ကင်းနစ်" ကို စတင်ဖော်ထုတ်ခဲ့တဲ့ ဂျာမန် ရူပဗေဒပညာရှင် မာ့က်စ်ဘွန်း
ဟာ သူ့ရဲ့ဒေါက်တာဘွဲ့ အတွက် လူတွေ့အစစ်ဆေးခံရတယ်။ ဒီတော့ လူကြီးတွေက မေးတယ်၊
"ကြယ်ကြွေကျတာကို မြင်တဲ့အခါ မောင်ရင် ဘာလုပ်သလဲ" ။ ဘွန်းက အဲဒီမေးခွန်းကို
အောက်ပါအတိုင်း ဖြေရမယ်လို့ နားလည်ပါတယ်။
"ကျွန်တော် နာရီကို ကြည့်လိုက်မယ်၊ အချိန်ကို မှတ်မယ်၊ ဘယ်ကြယ်နက္ခတ်စုက
ကျလာသလဲဆိုတာ ဆုံးဖြတ်မယ်၊ လှုပ်ရှားမှု့ရဲ့ ဦးတည်ချက်နဲ့ အလင်းတန်းရဲ့ အရှည်ကို
အကဲဖြတ်ပြီး... အနီးစပ်ဆုံး လမ်းကြောင်းကို တွက်ချက်ပါမယ်"
ဒါပေမယ့် သူ့ရင်ထဲက ပြောချင်နေတဲ့ ရိုးရိုးသားသား စကားတစ်ခွန်းကိုပဲ
ဖြေလိုက်တယ်။
"လိုချင်တာ တစ်ခုကို ဆုတောင်းပါမယ်..."
အဲဒီလိုပါပဲ. . .
ကိုယ်တို့တွေလည်း
(ရင်ထဲကလာတဲ့ ....)
"ရိုးရိုးသားသား စကားတစ်ခွန်းကို" ပြောပြဖို့
ဝန်မလေးကြစို့လားကွယ် . . . . ။
[?][?][?][?][?]
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 9:04 PM 0 comments
Labels: ဝေမျှခြင်း
တော်လိုက်တာ
သုံးမွှာပူး ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမကြီးတစ်ယောက်ဟာ တစ်နေ့မှာ ဘဏ်ကိုသွားတယ်။ ခါးပိုက်နှိုက်
တစ်ယောက်က မိန်းမကြီးရဲ့ ဗိုက်ကို သေနတ်နဲ့ သုံးချက်ပစ်ပြီး ထွက်ပြေးသွားတယ်။
တစ်ပြိုင်နက်ထဲမှာ သူမကို ဆေးရုံတင်လိုက်တယ်။ ဆရာဝန်က သူမရဲ့ကလေးတွေ အခြေအနေ ကောင်း
တယ်လို့ပြောတယ်။ ပြီးတော့ ကလေးတွေရဲ့ ဆယ့်ခြောက်နှစ်မြောက်မွေးနေ့မှာ ကျည်ဆန်တွေထွက်လာ
လိမ့်မယ်လို့လဲပြောသေးတယ်။
ဒီလိုနဲ့ ဆယ့်ခြောက်နှစ်မြောက်မွေးနေ့မှာ ပထမကလေးတစ်ယောက်က သူ့အမေဆီပြေးလာပြီး ပြောတယ်။
"မေမေ သားသန့်စင်ခန်းထဲကို သွားတော့ ကျည်ဆန်ထွက်လာတယ်။ "
ဒုတိယကလေးကလည်း သူ့အမေဆီပြေးပြီး သူ့အစ်ကို ပြောတဲ့အတိုင်းပြောတယ်။ တတိယကလေးက သူ့အ
မေဆီပြေးသွားပြီးပြောတယ်။
"သားသန့်စင်ခန်းထဲကိုသွားတယ်..."
"သားသန့်စင်ခန်းထဲကိုသွားတော့ ကျည်ဆန်ထွက်လာသလား။ "အမေဖြစ်သူက ဖြတ်မေးတယ်။
"မဟုတ်ဘူး။ သား အီအီးပေါက်လိုက်ပြီး ကြောင်ကိုပစ်ပလိုက်တယ်။"
Posted by Morning Star at 9:03 PM 0 comments
Labels: ဟာသများ
ဈေးကြီးလိုက်တာ
ဆရာဝန်တစ်ယောက်ရဲ့အိမ်မှာ ရေပိုက်ပေါက်သွားတယ်။ အဲဒီတော့ ရေပိုက်သမားခေါ်ရတော့တာပေါ့။ပိုက်
သမားရောက်တဲ့အခါ သူ့အိပ်ထဲက ပစ္စည်းတွေထုတ်တယ်။ ပြီးတော့ ပေါက်နေတဲ့ ပိုက်ကိုပြင်ပြီး ဒေါ်လာ
ခြောက်ရာကျကြောင်းပြောတယ်။
ဒေါက်တာက အတွန့်တက်တယ်။
"တော်တော်ဈေးကြီးပါလား။ ငါဆရာဝန်တောင် အဲဒီလောက်မတောင်းဘူး"
ပိုက်သမားက ခဏစောင့်ပြီး ဖြေးဖြေးဆေးဆေးလေးပြောတယ်။
"ကျွန်တော်ဆရာဝန်ဖြစ်တုန်းကလည်း ဒီလိုပဲပြောခဲ့တာပါပဲဗျာ"
Posted by Morning Star at 9:02 PM 0 comments
Labels: ဟာသများ
"စိတ်ပြတင်းပေါက်မှ အရိပ်များ"
"စိတ်ပြတင်းပေါက်မှ အရိပ်များ"
"လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ သူ့ကို အချုပ်အနှောင်ကင်းမဲ့စွာ
နေခွင့်ပေးလိုက်ပြီး သူပျော်ရွှင်နေတာကိုသာ မြင်နေချင်တာမျိုးပါ" လို့ ( သူ့ကို
မချစ်တော့တဲ့ ၊ သူ့အနားမှာ မနေလိုတော့တဲ့ သူ့ချစ်သူကို အခုထိ
လွတ်လပ်ခွင့်မပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို) အဲ့လို သွားပြီး
လျှာရှည်မိတဲ့အချိန်မှာ ....
"'ဒီမှာ ..နင်တို့ တွေးချင်တိုင်းတွေး၊ ရေးချင်တိုင်းရေးနေတဲ့
အဲ့ဒီအင်တာနက်ကစာတွေ ငါ့လာမပြောနဲ့ ။ တကယ်တမ်း လက်တွေ့မှာ ကိုယ်တိုင်ဘယ်သူမှ
ကျင့်သုံးတာမဟုတ်တဲ့ ဒဿနတွေကို ရေးချင်သလိုလျှောက်ရေး၊ ပြီးတော့ forward mail
တွေနဲ့ပို့ ။ အဲ့ဒါတွေ ငါ အယုံအကြည်မရှိဘူး။ နင်တို့က
စိတ်ကူးယဉ်ဖို့လောက်သိတဲ့သူတွေ" တဲ့ ။
ကျွန်မကို ပြောချင်ပြောပါ ၊ စာပေကို မထိခိုက်စေလိုပါ။ ပိုက်ဆံလဲရတာမဟုတ်၊
နာမည်လဲမကြီး။ ဒါတောင်မှ ကိုယ့်အချိန်တွေ အပွန်းပဲ့ခံပြီး စာဖတ်၊စာရေးနေရတဲ့
အပျော်တမ်း ဘလော့်ဂါများ၊ အင်တာနက်ပေါ်က စာရေးသူများကို မထိခိုက်စေလိုပါ ။
စာပေသည် လူတစ်ယောက်ရဲ့ အသိဥာဏ်ကို တိုးပွားစေရုံသာမက အမှားအမှန်ခွဲခြားနိုင်တဲ့
ဆင်ခြင်တုံတရားကို မြှင့်တင်ပေးနိုင်တဲ့အရာ တစ်ခုပါ ။ ဘယ်လိုစာမျိုးကိုပဲဖတ်ဖတ်
စာဖတ်သူရဲ့ ယူတတ်မှုအပေါ် မူတည်ပြီး အသိတစ်ခုတော့ ရသွားစမြဲပါ ။
အဲ့တော့ "နင်တို့ ရေးနေတဲ့သူတွေကိုယ်တိုင် ဘယ်သူမှ လိုက်နာကြတာမဟုတ်ဘူး" ဆိုတဲ့
သူ့စကားတစ်ခွန်းကို ကျွန်မ ဘာမှစောဒကမတက်လိုပါ။ တခါက ကျွန်မ ဘလော့်ပေါ်မှာ
ရေးဖူးတဲ့ (သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ "Window" ဆိုတဲ့)
အကြောင်းလေးတစ်ခုကိုပဲ ပြန်တွေးမိပါတယ် ။
" တခါက ၀န်းကျင်အသစ်တစ်ခုကို ပြောင်းလာတဲ့ လင်မယားနှစ်ယောက်ရှိတယ်တဲ့။ တစ်ခုသော
မနက်စာစားတဲ့အချိန်မှာ ဟိုဘက်အိမ်ရှေ့က လှန်းထားတဲ့ အ၀တ်တွေကို မြင်တဲ့
အိမ်ရှင်မက "ယောက်ျားရေ ..ကြည့်ပါဦး၊ အဲ့ဒီ မိန်းမက အ၀တ်တောင်
ကောင်းကောင်းမလျှော်တတ်ဖူးနော် ။ အ၀တ်တွေကလဲ အရောင်တွေ ညစ်ထေးထေးနဲ့" လို့
သူ့အမျိုးသားကိုပြောတယ်။ အဲ့လို ဟိုဘက်အိမ်က မိန်းမ အ၀တ်လှန်းတာမြင်တိုင်း သူက
အဲ့လိုပြောလေ့ရှိတယ် ။ ယောက်ျားကလဲ ဘာမှပြန်မပြောဘူး။ တမနက်ကျတော့
ဖွေးစင်နေတဲ့အ၀တ်တွေကို မြင်တော့ သူက အံ့သြတကြီးနဲ့ "အယ် ယောက်ျားရေ ..
ကြည့်ပါဦး။ ဟိုဘက်အိမ်ကမိန်းမကို အဲ့လို အ၀တ်လျှော်တတ်အောင်
ဘယ်သူများသင်ပေးလိုက်လဲမသိဘူး ။ ဒီနေ့တော့ အ၀တ်တွေ ရှင်းသန့်နေလိုက်တာ" လို့
ပြောတော့ သူ့ယောက်ျားက သူ့ကို မော့ကြည့်ပြီး "ငါ ဒီမနက် ပြတင်းပေါက်မှန်တွေ
သန့်ရှင်းရေးလုပ်ထားတယ်"တဲ့ ။ အဲ့လို တစ်ခွန်းပဲပြန်ပြောတယ်"
တခါတလေ ကျွန်မတို့ရဲ့ မျက်စိနှစ်လုံးက အဆုံးအဖြတ်ပေးလိုက်တဲ့
အမြင်စွမ်းအားတစ်ခုဟာ အတိုင်းအတာတစ်ခုအထိ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ရာ
ကိုယ်ဖြတ်သန်းကြည့်ရှုလိုက်တဲ့ စိတ်ဆိုတဲ့ ပင်မပြတင်းပေါက်တစ်ခုက
စင်ကြယ်ရှင်းသန့်နေဖို့ လိုပါတယ်။
"နင်လဲ ဘာမှ လာမပြောနဲ့ ။ နင်ကတွေးဖို့လောက်ပဲ သိတဲ့သူ၊ လက်တွေ့မှာ
ဘာမှအသုံးမကျတဲ့အရာတွေကိုပဲ စိတ်ကူးပျော်မွေ့နေတဲ့သူ၊ စိတ်ကူးယဉ်ထားသမျှတွေ
ချရေးဖို့လောက်သိတဲ့သူ" ဆိုတဲ့ သူ့ကို ဖြေရှင်းစရာ စကားလဲ ကျွန်မမှာ မရှိတော့ပါ
။ သူပြောတာ မှန်နေတာကိုး။ အခုတောင် သူပြောသမျှတွေ ချရေးပြီး သူ့ဆီ မကြာခင်
forward လုပ်တော့မှာကိုး။
ဘာပဲဖြစ်ဖြစ် သူက ကျွန်မ သူငယ်ချင်း။ အစွန်းရောက်နေပြီဖြစ်တဲ့ သူ့ရဲ့စကားတွေ
အရမ်းလွန်လာတဲ့အခါ စိတ်အနာတရမဖြစ်ဖို့ ၊ သူ့ကို မနာကျည်းမိဖို့ ကျွန်မရဲ့
စိတ်ပြတင်းပေါက်ကို သန့်ရှင်းစင် ကြယ်နေစေအောင် ထိန်းသိမ်းရမှာကတော့ ကျွန်မ
တာဝန်ပဲပေါ့လေ ။။။
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 8:59 PM 0 comments
Labels: ဝေမျှခြင်း
ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း..
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မေ လာက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်
အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ
အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့
သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်
အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။
အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့
လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်
အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့
တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ
သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့
မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်
လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်
။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ
များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ
နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။
ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့
မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို
ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ
ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။
စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး
အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက
ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ
ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်
ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။
ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
(ရေနံ့သာမောင်ဘဲ၏ ဓမ္မဒါနဖြစ်ပါသည်။)
အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
ဤ Onlineတရားများ ဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။
နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး..
တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း
ငြိမ်းအေး အောင်နိုင်ပါစေ...
အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့်
ပြည့်စုံကြပါစေ...
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 8:55 PM 0 comments
Labels: ဝေမျှခြင်း
တကျွန်းစံ
ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ....
တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား အ၀တ်အထည်ဆို လဲရှား
သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာ သွားတွေ့ နိုင်တာပါ
ဒါကြောင့် အချို့ နှစ်ကြီးသမားတွေရဲ့ မိန်းမ တွေဟာ တကျွန်းကို လိုက်နေ
ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့ 
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့ .....
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့  သွားသာကြည့် 
ကြည့် ယုံကြည့် လို့  ပြောတာနော် ရောင်ပြီး ဝယ်ချင်လို့ ကတော့  ကုန်ပြီဆရာဘဲ.....
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လား
နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ
သြ ထောင်ဒဏ် ငါးနှစ် ဒါဆို မိသားစု လိုက်နေလို့ ရတယ်
ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ 
မိသားစု လိုက်နေလို့ ရတယ် ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ 
တဘဝလုံး ရုန်းပေတော့.....
ဟင်ဒီတယောက်က ထောင်ဒဏ်နှစ်နှစ် ဆိုပေမယ့်  တမိသားစုလုံးကိုsupport
လုပ်နိုင်တယ်ဟုတ်လား သြ အလုပ်ချိန် long hour လုပ်ပြီး လစာတမိသား
လုံးလောက်တယ်ပေါ့အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်
ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်.....
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်.....
ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေ
အလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့ ဒါကဒီကျွန်းရဲ့ စည်းကမ်း
ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့ တွေ ကစိတ်မကောင်းဖြစ်
အချို့ ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပြစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ 
မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့ အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်ကဲ ဒီကျွန်းမှာ နှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 8:53 PM 0 comments
Labels: ဝေမျှခြင်း
ခုအရေးကြီးတာတွေဟာနောင်ကောအရေးကြီးဦးမှာလား??
၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား
ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ
ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။
ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို
စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။ လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။
၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန်
ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ
ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။
၃။ သူမှန်တယ်လို့ သာ များများတွေး
"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား" လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။" မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို
ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊
ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။ နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။
ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။
၎။ ကိုယ့်ဘက်ကစလျှော့
တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လို က်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ
ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ ။ စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ။ ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။
အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။ အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။
၆။ အရှုပ်ထဲမှာရှင်းအောင်နေ
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ
့ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က
စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။ ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။
၈။ ရောက်ရာအရပ်မှာပျော်အောင်နေ
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ
ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။
၉။ လုပ်တတ်ဖို့ လိုသည်
Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။ ဘာအရေးကြီးဆုံးလဲ စဉ်းစား၊ ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊ အချိန်ဇယားဆွဲ၊ လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို
တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊ အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊ အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်း ကိုသုံး။ အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။
၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက် ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး
လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလို
တွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။
ပျော်ရွှင်ပါစေ…
ကောင်းသောနေ့လေးဖြစ်ပါစေ..
ခင်မင်လေးစားစွာဖြင့်…
နေသွေး
Email မှရလို့ Blog မှာတင်ပေးလိုက်ပါတယ်...
Posted by Morning Star at 8:47 PM 0 comments
Labels: ဝေမျှခြင်း
american english dictionary contemp usage
Posted by Morning Star at 8:27 AM 0 comments
Labels: စာအုပ်, မဂ္ဂဇင်းနှင့်ဂျာနယ်များ
English Idiom Expression...
Posted by Morning Star at 8:22 AM 0 comments
Labels: စာအုပ်, မဂ္ဂဇင်းနှင့်ဂျာနယ်များ
The Grammar of English Grammars by Gould Brown Twitter Facebook
Posted by Morning Star at 8:08 AM 0 comments
Labels: စာအုပ်, မဂ္ဂဇင်းနှင့်ဂျာနယ်များ
“မလိမ်နဲ့ပါ မှန်မှန်ဖြေကြည့်ကြပါ”
မလိမ်နဲ့ ။ မှန်မှန်ဖြေ။ အမှန်တရားကိုပြောလိမ့်မယ်။ စာရွက် ပေါ်မှာအဖြေကိုရေးပါ။ မလိမ်ပါနဲ့။
အဖြေကိုအောက်မှာပေးထားတယ်
မေခွန်း
၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ၊အနက်၊အပြာ၊အစိမ်း၊အ၀ါ ? (တခုရွေးပါ )
၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ?
၃။မင်းမွေးတဲ့လ?
၎၊ မင်း အဖြူရောင် ။အနက်ရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?
၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုးတူသောသူ တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်းကလေးနာမည်ဖြစ်ရမည် တွက်သူသည်ယောင်္ကျားလေးဖြစ်ရင်ယောင်္ကျားလေးနာမည်ဖြစ်ရမည်)
၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?
၉၊ မင်းဖြစ်ချင်တဲ့ဆန္ဒကိုရေးပါ?
အဖြေ
၁. နံပါတ်၁ မှာရွေးသောမေးခွန်းများ၏အဖြေ
အနီ - မင်းဟာတက်ကြွတယ် ။ မင်းရဲ့ဘ၀ဟာ အချစ်တွေနဲ့ပြည့်နေမယ်
အနက် - မင်းဟာလွတ်လွတ်လပ်လပ်နေရတာကြိုက်တယ် ။မင်းဟာရန်လိုတယ်
အစိမ်း- မင်းဟာအေးအေးဆေးဆေးနေတတ်တယ်။ ဘယ်တော့မှမပူပင်ဘူး
အပြာ -မင်းဟာသဘာဝဆန်တယ် ။မင်းဟာမင်းချစ်တဲ့သှူဆီကအနှမ်းကိုနှစ်သက်တယ်
အ၀ါ-မင်းဟာပျော်ရွင်တတ်တယ်။သူများတွေအကူအညီတောင်းရင်ကောင်းတဲ့အကြံအညဏ် တွေပေးနိင်တယ်
၂. မေးခွန်းရဲ့အဖြေများ
မင်းရဲ့နာမည်က A _ K အတွင်းဆိုရင် မင်းရဲ့ဘ၀မှာ ချစ်သူတေ။ွသူငယ်ချင်းတွေ အများကြီးရှိမယ်
မင်းရဲ့နာမည်က L _ R အတွင်းဆိုရင် မင်းရဲ့ဘ၀မှာပျော်ရွှင်ဖို့မင်းကိုယ်တိုင်လုပ်ရမယ် ၊ မင်းဖြစ်ချင်တဲ့ဘ၀မကြာ ခင်ဖြစ်လာမယ်
မင်းရဲ့နာမည်က S _ Z အတွင်းဆိုရင် မင်းကသူများကိုကူညီရတာကြိုက်တယ် ၊ မင်းရဲ့အနာဂတ်အချစ်ခရီးလမ်းက အရမ်းကောင်း တယ်
၃ “မေးခွန်းရဲ့ အဖြေများ ”
Jan _ Mar ဒီနှစ်ဟာမင်းအတွက်အားလုံးကောင်းတယ် ။မင်းအရမ်းချစ်တဲ့သူကိုမမျော်လင့်ဘဲ တွေ့လိမ့်မယ်
April _June: မင်းအ၇ူအမူးအချစ်နဲ့တွေ့လိမ့်မယ် ဒါပေမယ့် အချိန်ကြာကြာတော မဟုတ်ဘူး ၊ ဒါပေမယ့် မင်းတဘ၀လုံအမှတ်ရနေမယ်
July_Sep : ဒီနှစ်ဟာမင်းအတွက်အလွန်ကောင်းတယ် ၊ မင်း ဘ၀မှာကောင်း တဲ့ပြောင်းလဲမှူတွေကိုတွေရလိမ့်မယ်
Oct _ Dec : မင်းကြိုက်တဲ့ဘ၀ က သိတ်အကောင်းကြီးတော့မဟုတ်ဘူး ၊ဒါပေမယ့်မင်းလို့ချင်တဲ့ဘ၀မျိုးကိုမင်းရမယ်
၎ မေးခွန်းအဖြေများ
အနက် - မင်းဘ၀မှာ မတူညီတဲ့လမ်းတွေ ကိုသွားရမယ် ၊ အဲ့ဒီလမ်းတွေ ကိုသွှားတဲ့အချိန် မှာမင်းအတွက်အခက်အခဲတွေတွေ့မယ် ဒါပေမဲ့ဒါတွေဟာမင်းအတွက်ကောင်းတယ် ၊မင်းဟာပြောင်းလဲမူတွေကိုလက်ခံလာနိုင်မယ်
အဖြူ - မင်းသူငယ်ချင်ကသူလိုဝှက်ချက်တွေကိုထုပ်ပြောရလောက်အောင်မင်းကိုယုံကြည်မယ် ။မင်အတွက်ဘာအဆိုလုပ်ပေးလိမ့်မယ်၊ မင်းကဒါကိုမယုံနိုင်ဘူးဖြစ်နေမယ်
၅ ရဲ့အဖြေများ
ဒီလူဟာမင်းရဲ အချစ်ဆုံးသူငယ်ချင်းဖြစ်တယ်
၆ရဲ့အဖြေများ
ဒါကမင်းရဲ့အရမ်းခင်တဲ့သူငယ်ချင်းအရေအတွက် ဖြစ်တယ်
၇ ရဲ့အဖြေများ
လေယာဉ် - မင်းဟာစွန့်စားရတာကိုကြိုက်တယ်
ကား - မင်းဟာအေးအေးသမားဖြစ်တယ်
ဂ ရဲ့အဖြေများ
ရေကန် -မင်းဟာသူငယ်ချင်းတွေ နဲ့ ချစ် သူ ကိုထောက်ပံ့ပေးတယ်။ မင်းဟာသူများကိုဦးစားပေးတယ်
ပင်လယ်- မင်းဟာသဘာဝကျ ကျနေတယ် ၊ လူတွေကိုကျေနပ်နှစ်သိမ့်မှူတွေပေးတယ်
၉ ရဲ့အဖြေများ
လူငါးယောက်ကိုတစ်နာရီအတွင်းဒီမေးကို ပို့ရင်ဒီအကြောင်းအရာတွေမှန်မယ်လိုချင်တဲ့ဆုတောင်းတွေပြည့်မယ်
လူဆယ်ယောက်ကိုပို့ ရင် နောက်လာမဲ့ မွေနေ့မရောက်ခင်ဆုတောင်းပြည့်မယ်
--
Min
Posted by Morning Star at 10:57 PM 0 comments
Labels: လေ့လာရန်
မေတ္တာများဖြင့်
ဖြန့်နိုင်သမျှ ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ်။ Thanks.
၃၁ဘုံတွေကတော့
ဗြဟ္မာ့ဘုံ ၂၀ဘုံ
နတ်ဘုံ ၆ဘုံ
လူ့ဘုံ ၁ဘုံ
အပါယ်၎ဘုံ
မိမိပါဝင်နေပါသေးတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးက နောက်ဆုံးစကားလေးပြီးတာနဲ့ ပရိနိဗ္ဗာန်စံသွားတာပါ။ ၀ရဓမ္မာသင်္ခါ၇ အပ္ပမာဒေန သံပါဒေထ။ ချစ်သား ချစ်သမီးတို့  ငါဘု၇ား ပ၇ိနိဗ္ဗာန် စံကာနီး နောက်ဆုံး စကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့ သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ့ ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့် ရှုပွားပြီးတော့ နေရစ်ကြ လို့  မှာကြားတော် မူပါတယ်။ အခုလည်း ပ၇ိနိဗ္ဗာန်စံကာနီးမှာ အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ပရိနိဗ္ဗာန် မစံနိုင်ဘူး။ သူ့၇ဲ့ ချစ်သား ချစ်သမီးတို့ ဝိပဿနာ မပွားဘဲ နေ၇စ်မှာစိုးရှာလို့  ခန္ဓာငါးပါး အဖြစ်ပျက်ကို ၀ိပဿနာ ရှုပြီးတော့ နေရစ်ကြပါလို့ မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာ ပါ။ ဒါတင်မကသေးပါဘူး။ သက်တမ်းရှည်တဲ့ ဘုရားရှင်တွေလက်ထက်မှာဆို၇င် သူတို့ ပရိနိဗ္ဗာန် စံသွား၇င် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာကုန်တယ် ဆိုတာ မဂ်ဖိုလ်၇တတ်တဲ့  ၀ိပဿနာတရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူပွင့်၇င် သတ္တ၀ါအပေါင်း နှစ်ဆယ့် လေးသင်္ခေ်ျနဲ့ ဗိုလ်ချေတစ်သိန်း ချေချွတ်၇ပါတယ်။ ဘုရားတစ်ဆူရဲ့ တာဝန်ပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘု၇ားက ဆယ်ခြောက်သင်္ချေပဲ ချေချွတ်နိုင်ခဲ့ပါတယ်။ ရှစ်သင်္ချေနဲ့ ဗိုလ်ချေတစ်သိန်းကျန်သေးတယ်။ အဲ့လို ကျန်ခဲ့တဲ့ အထဲမှာ အခုရှိနေတဲ့ မိမိတို့ အပါဝင် သတ္တ၀ါအနတ္တပါပါတယ်။ သူသာ သာသနာ မထားခဲ့၇င် မိမိတို့ ယောဂီတွေ ၀ိပဿနာတရား မနာနိုင်တော့ပါဘူး။ ပျောက်သွားပါဘီ။
သာသနာမရှိတဲ့ အချိန်မှာ လူဖြစ်လို့  တရားနာချင်လို့ ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ဘူးတဲ့။ သာသနာကို မြတ်စွာဘုရားက ၅၀၀၀ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ်ကုန်သွားဘီ။ နောက်ထပ် နှစ်ပေါင်း ၂၄၀၀ကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀ ကျော်ကျန်သေးတာ ၀ိပဿနာတရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို့ ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဒီအတွေး အခေါ်ဘယ်လောက် မှားယွင်းနေပါသလဲဆိုတာ။ အဲ့လို နေမယ်ဆို၇င်တော့ အမှားကြီးမှားပါဘီ။ အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀၀မှာ မိမိနဲ့ ဘယ်လောက်များဆိုင်သလဲလို့  စဉ်းစားပါ။ ဒီနေ့ ည ကိုယ်သေသွားဘီတဲ့ နောက်နေ့ အဲ့သာသနာ မိမိနဲ့ ဆိုင်သေးလားဆိုတော့ မဆိုင်တော့ဘူး။ ဒီတော့ ကိုယ်နဲ့ ဆိုင်တဲ့ သာသနာဟာ မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိ၇ပါ။ တချို့ ထင်တယ် ။ နောက်ဘ၀ ပဲလူဆက်ဖြစ်ပြီး သာသနာနဲ့ ပြန်ကြုံ၇တော့မလိုလိုနဲ့ လွယ်တယ်မထင်လိုက်ကြပါနဲ့ ။ ဒိဋ္ဌိမပျောက်သေးတဲ့ ပုဂ္ဂိုလ်များဟာ သုဂတိရောက်တာ နည်းပါတယ်။ ဒုက္ခတိ..အပါယ်သွားကြတာ များပါတယ်။ ဒါကြောင့် ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင်အောင် မိမိတို့ကိုယ်တိုင်လေ့ကျင့်ဘို့် လိုအပ်ပါတယ်။ ကိုယ်သေတာနဲ့ သာသနာနဲ့  မဆိုင်တော့ဘို့ ပါများပါတယ်။ ငရဲ၊ တိရိစ္ဆာန် ပြိတ္တာဘ၀ရောက်သွား၇င် သာသနာနဲ့ ဆိုင်လို့  မ၇တော့ပါဘူး။ မိမိတို့ တရက်နေ၇ရင် သာသနာနဲ့ တရက်ပဲဆိုင်တယ်။ တလနေရရင် သာသနာဟာ မိမိနဲ့ တလပဲ ဆိုင်တယ်။ သေတာနဲ့ မဆိုင်တော့ပါဘူး။ သေပြီးတော့ အပါယ်ကျသွား၇င် တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ ဥာဏ်ဦးဖို့ အရေးကြီးပါတယ်။ စားဝတ်နေရေးဆိုတာ သေတဲ့ အထိရှာ၇မှာပါ။ ဒါကြောင့် ဘုရားမှာခဲ့တဲ့ စကားကို လေးစားကျေးဇူးတင်သော အားဖြင့် နားထောင်တဲ့ အနေနဲ့ ဝိပဿနာ တရားရှုပွားခြင်းအလုပ်ကို မဖြစ်ဖြစ်အောင် ၂၄နာ၇ီမှာ ၁နာ၇ီ ၂နာ၇ီလောက် နေ့စဉ်ပေးကြည့်ကြပါလို့ တိုက်တွန်းပါတယ်။ မိမိကိုယ်ကို သနားကြပါ။ မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်းကြိုက်တုန်း..ဆိုတဲ့ အတိုင်း ကြုံတဲ့ အချိန်မှာ ကြိုက်လိုက်ကြစမ်းပါ။ သာသနာ ၅၀၀၀ထားခဲ့တဲ့ ဘုရားရှင်ကို လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ့ အခါမှာ ဓါတ်တော်ကို တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည်လိုက်ပါတယ်။ ဂေါတမမြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးကတော့ ငါနဲ့  ငါ့သာသနာ မကြုံလိုက်၇တဲ့ ဝေနေယျသတ္တ၀ါအပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့ ဘုရား၊တရား၊သံဃာကို သတိ၇ကြပါစေ.. မဂ်ဖိုလ် ၇မဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။ မဂ်ဖိုလ်၇မဲ့တရားတွေ နာကြားနိုင်ကြပါစေ။ အကျွတ်တရားရကြပါစေ .. ၀ိပဿနာ တရားနာကြား အားထုတ်ဖြစ်ကြပါစေလို့ စေတနာနဲ့ သူ့ ရဲ့ ဓါတ်တော်တွေကို အစိပ်စိပ် အမွှာမွှာကွဲအောင် အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။ ဒါကြောင့် ဂေါတမမြတ်စွာဘုရား သခင်ရဲ့ ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ္ဘာ အ၇ပ်၇ပ်မှာ ပျံ့ နှံ့ လို့ နေပါတယ်။ မြတ်စွာဘုရား၇ဲ့  ဓါတ်တော်တွေ ဖူးပြီးတော့ အသိဥာဏ်တွေရ ၊၀ိပဿနာတရားတွေ ရှုပွားကြ အားထုတ်ကြနဲ့  မဂ်ဖိုလ်ရတဲ့  ပုဂ္ဂိုလ်တွေလည်း ကမ္ဘာနဲ့ အ၀ှမ်း မှာလည်း အများကြီးရှိပါတယ်။ ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ ကောင်းလွန်းပါတယ်။ပ၇ိနိဗ္ဗာန်စံကာနီး အချိန်မှာတောင် အခြားဘုရားတွေကဲ့သို့ အေးအေးဆေးဆေး မစံနိုင်ဘူး.. မိဘက သားသမီးကိုပူသလို .သူ့တရားမနာလိုက်၇တဲ့ နောက်ပိုင်း ပုဂ္ဂိုလ်တွေ အကန်းပုထုဇဉ်ဘ၀နဲ့ သေသွား၇မှာ သိပ်စိုး၇ိမ်ပြီး ပရိနိဗ္ဗာန်စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲဆိုတော့ … ချစ်သားချစ်သမီးတို့ ငါဘုရား ပရိနိဗ္ဗာန်စံကာနီး နောက်ဆံုးစကား အဖြစ် အရေးကြီးစကား မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး ပျက်နေကြတယ်။ အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့ မပေါ့မဆတဲ့ သတိနဲ့ စဉ်ဆက်မပြတ် ၀ိပဿနာတရား ရှုပွားပြီး နေရစ်ကြပါ…လို့ အရေးတကြီး မှာကြားခဲ့ပါတယ်။ ဒါနပြုကြ၊ သီလပြုကြ၊ သမထလုပ်ကြလို့ အရေးတကြီးမမှာထားခဲ့ပါဘူး။
စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ်လို့ မရနိုင်ပါဘူး။ (အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကတော့ တရားစိတ် သွင်းလိုက်တာ နဲ့ အမောပြေသွားပါတယ်။) ဒါကြောင့် မပင်ပန်းပဲ အိပ်ေ၇းဝတဲ့ မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက် တရားနှလုံးသွင်းပေးတာ အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး မထိရောက်တာထက် စာရင် ၁၅မိနစ်နာရီဝက်မှာ အပြည့်နှလုံးသွင်းနိုင်တာ ပိုထိရောက်စေပါတယ်။
1. 1.မြင်ရင် မြင်တဲ့နေရာမှာရပ်။ ဆက်ပြီး ဘယ်သူ ဘယ်ဝါ ဘာမြင်တယ် မခွဲခြားန့ဲ။ မြင်တယ်လို့ပဲ သိရုံသိလိုက်ပါ။ ဒီလောက်ပဲ။
2. ကြားရင် ကြားတဲ့ နေရာမှာရပ်။ ဘယ်မင်းသား၊ မင်းသမီးရဲ့ အသံလို့ မခွဲခြားနဲ့။ ဘယ်သူ့အသံလား ဆူညံသံလား ဘာသံလား နားဝင်ချိုသံလား မခွဲခြားပါနဲ့ ။ ကိလေသာ ကြားမ၀င်စေနဲ့။ ကြားတဲ့ အသံလို့ပဲ သိရုံသိလိုက်ပါ။
3. အနံ့၇တာနဲ့ ရပ်ပစ်။ နံတဲ့စိတ်လေး ပေါ်ရုံပဲ။ ဘာနံ့ညာနံ့လို့ မခွဲခြားပါနဲ့။ အနံ့ ၇တယ်လို့ သိရုံလေးသိပြီး ဖြတ်ချလိုက်။
4. စားလည်း ၀က်သားကြက်သား မခွဲနေနဲ့  ။ ဘာဟင်း ညာဟင်း မခွဲခြားပါနဲ့ ။ စားကောင်းတယ် မကောင်းဘူး မခွဲခြားပါနဲ့ ။ အရသာပေါ်တဲ့ အချိန်လေးမှာတင် အရသာပေါ်တယ်လို့ သိရုံသိပြီး ရပ်ပစ်ပါ။
5. ထိရင် ထိတဲ့နေရာမှာတင် ရပ်လိုက်ပါ။ နူးညံ့တယ် ကြမ်းတမ်းတယ် မခွဲခြားပါနဲ့ ။ ထိတယ်လို့ပဲ သိရုံလေးသိပေးလိုက်ပါ။
6. တွေး၇င် တွေးမှန်းသိလိုက်။ ဘာတွေးတယ်လို့ ဆက်မတွေးနဲ့။ အတွေးပေါ်သွားတယ် ဆို၇ုံလေးသိပြီး ဖြတ်ချပစ်ပါ။ ရပ်ပစ်ပါ။
အဲ့ဒါ တ၇ားအားထုတ်နေတာပါ။ ၀ိပဿနာတရားအားထုတ်၇ခြင်း ၇ည်၇ွယ်ချက်က ကိလေသာတွေ ကုန်ဘို့ ခမ်းဘို့ နည်းဘို့ ပါးဘို့ ပျောက်ဘို့ ပါ။ ဘယ်နေရာမဆို ဘယ်အချိန်မဆို တ၇ားအားထုတ်လို့ ၇ပါတယ်။ဒီခြောက်ချက်ကို အဓိက သိပေးနေပါ။ ဆက်တိုက်သတိထား သိပေးနေပါ။ ဘာလို့ ဆက်တိုက် သိနေ၇မလဲဆိုတော့ မျက်စိတမှိတ် တစက္ကန့်မှာ စိတ်က ကုဋေတစ်သိန်းပြေးနေတာကို လောဘ ဒေါသ မောဟ မာနစတဲ့ ကိလေသာ ကင်းစင်တဲ့  အရိယာအဖြစ် မရောက်ရှိသေးခင်ဖြစ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့  လောဘ၊ဒေါသ၊ မောဟ ဖုံးနေသေးတဲ့ ဥာဏ်နဲ့ လိုက်မမှီနိုင်သေးလို့ မိမိဥာဏ်မှီသလောက် သိသလောက် ဖြတ်ချနေရပါမယ်။ ဒါလောဘ၊ ဒေါသ၊ မောဟကို ပါးအောင် ကုန်အောင် လေ့ကျင့်ပေးနေတာပါ။ ဖြတ်ချရင်း လောဘ ဒေါသ မောဟပါးလာတာနဲ့ အမျှ သိလာတဲ့ အသိဥာဏ်တွေ မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်။ လုပ်သာလုပ်ပေးနေပါ။ လေ့သာလေ့ကျင့်ပေးနေပါ။ အကျိုးတွေကတော့ အံ့သြလို့ မကုန်အောင် သူ့အလိုလို ဖြစ်ထွန်းလာပါလိမ့်မယ်။ မမျှော်လင့်နဲ့.. ဒါပေမဲ့ သူ့အလိုလို မကောင်းတာတွေ ဘေးအန္တရာယ်တွေကို ပယ်သွားပါလိမ့်မယ်။ မိမိတာဝန်က လေ့ကျင့်နေဘို့ပါ။ တရားတာဝန်က တကယ်အရှိတရား သူ့အလိုလိုဆိုတဲ့ အနတ္တသဘောကို ပြလာပါလိမ့်မယ်။
သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့ မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများနဲ့ အချိန်ကုန်ချိန်နည်းပြီး တရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများကို ဖြတ်ချနိုင်သောအချိန်အများစု ဖြစ်နိုင်ကြပါစေလို့
မေတ္တာများဖြင့်
Posted by Morning Star at 10:52 PM 0 comments
Labels: ဝေမျှခြင်း























